Dataset Viewer
Auto-converted to Parquet Duplicate
text
stringlengths
29
251
မကြာခင် ချစ်မိတော့မှာလားလို့ ငါခံစားမိတယ်၊ ဒီနှလုံးသားလေးဟာ ပြုပြင်နေဆဲမို့ပါ။
သူ့မျက်ဝန်းက အရိပ်အယောင်များကို မြင်ရပေမယ့် Trauma များနဲ့ အသည်းက နီးစပ်ဖို့ ရှေ့မတိုးရဲပါဘူး။
ရှေ့တစ်လှမ်းတိုးလာတဲ့ အချိန်တိုင်း နောက်ဆုတ်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း တကယ်အံ့ဩမိတယ်။
နေ့ည ၂၄ နာရီ စိုးမိုးနေတဲ့ သူ့အပြုံးတို့နောက်ကွယ်မှာ မကြာခင် ငါကျရှုံးတော့မှာပဲ။
သူမကြားနိုင်တဲ့ စိတ်ဝယ် အရမ်းချစ်တယ် လို့ အကျယ်ကြီး အော်ပြောလိုက်မိတယ်။
တစ်ခါတစ်ရံ တစ်စုံတစ်ယောက်ကို ထပ်ချစ်ရဦးမှာလားဆိုတာ ငါကိုယ်တိုင်လည်း မသိတော့ဘူး။
သူဟာ ငါ့နှလုံးသားလေးကို ကစားကွင်းတစ်ခုလို သဘောထားမလားလို့ စိုးရိမ်မိတယ်။
သူ့နှုတ်ခမ်းက အနမ်းတွေကို မျှော်လင့်ပေမယ့် Trauma များနဲ့ အသည်းက ရှေ့ဆက်ဖို့ မဝံ့မရဲဖြစ်နေတုန်း။
အရမ်းချစ်မိနေလို့ ငါ့ကိုအရူးတော့ မလုပ်ပါနဲ့၊ အသည်းခွဲမယ်ဆိုရင် အစတည်းက မလာပါနဲ့တော့။
ရယူခြင်းမဟုတ်တဲ့ အချစ်စစ်နဲ့၊ စွန့်စားပြီး ချစ်မယ်ဆိုတဲ့ မမြင့်ရယ်။
အချိန်မတော် အိမ်ပြန်လမ်းထက်မှာ ငါ့ကို ဆွေးသွားအောင် လုပ်ရက်တဲ့ဖိတ်စာရယ်။
မင်းလက်ဆောင် ပေးထားတဲ့ပုဆိုးလေးအား၊ ငါမြတ်နိုးလွန်းလို့ကိုမဝတ်ပဲသိမ်းထားတယ်။
နာကျင်မာကို ငါပြန်တွေးမိတိုင်း၊ အတူတူစီးခဲ့တဲ့ ဒီစက်ဘီးကလေးထက်ဝယ်၊ ခန်းမကြီးလည်းလှနေပြီ။
ထောင့်ကိုးရာရှစ်ဆယ့်ခြောက်၊ ငါမေ့မရတဲ့နေ့တွေ၊ တွေးလိုက်တိုင်းမှာငါ့မှာအရင်လိုပဲ။
အပေါင်းသင်းများကပြုံးပျော်နေ၊ စကားတွေတိတ်ဆိတ်လို့ ငါရှက်ပြုံးလေးပြုံးနေပါမည်။
နေ့တွေတဖြည်းဖြည်းနဲ့ပြောင်းသွားတော့၊ ငါပြန်တွေ့တဲ့နေ့ဟာ ကလေးလေးပွေ့ချီ။
အရာရာ အရင်လိုမဟုတ်တော့တောင် နင်ဟာ သိပ်လှဆဲမို့ အံဩမိသွားပြီ။
ဟိုးမလှမ်းမကမ်းမှာကားတစ်စီးတွေ့တော့၊ နင်မပြောပြလည်းငါသတိထားမိသွားပြီ။
ဒီလိုအခြေနေမှာ ငါအလိုက်သိလို့ အသာယာ ခေါင်းလေးငုံလို့ ရှောင်ထွက်ခဲ့ရပြီ။
မေ့ပစ်ဖို့အတွက်ပြောဆိုရင် ငါလေအကျင့်ဖြစ်သွားလို့အဖြေမရှိတော့တဲ့။
ငါ့အခြေအနေပါ၊ ဆေးလေးရှိရင်ငါ့ကိုလေ ပေးပါ။
မှုန်ရီဝိုးတဝါးနဲ့ ရောင်နီနိုးထခဲ့ အတာနှစ်ကူးချိန်ပြန်ပြီးနိုးထလာ။
သင်္ကြန်ဒိုးများနဲ့ ဝသာန်မိုးသားထဲ၊ ရွှေရောင်ပိတောက်ပန်းတွေ ပွင့်ဖူးခူးဆွတ်အချိန်မှာလေ။
ရေသဘင်ကြား တာဝတိံသာ နန္ဒာဝန်က ပဉ္စသိင်္ခထံမှနတ်စောင်းသံ ပျံသန်းတီးခတ်အချိန်အခါဟာ
ပျိုဖြူတွေကြား ကိန္နရီ ကိန္နရာဖျော်ဖြေဟန်များ မြိုင်ဆိုင်၊ဝေဆာ၊ညီညာ၊ကကြိုးချွေ နှစ်ဦးတန်ခူးလအချိန်။
ရွင်လန်းကာ စိတ်ချမ်းသာကြစေ၊ စိတ်နှလုံးအပြင် ကိုယ်ကျန်းမာကြစေ။
အရွယ်သုံးသွယ် အနာကင်းကာလှစေ၊ တောင်းဆုတွေ လိုတိုင်းတာပြည့်စေ။
ဆန်စပါးတွေ ပြည့်ဖြိုးကြွယ်ဝစေ၊ သဒ္ဒါတရားအပြည့် လှူဒါန်းနိုင်ကြစေ။
ရွှေမိုးတွေ ရွာသွန်းကာကျစေ၊ မောင်မယ်တွေ ချစ်ကြိုးသွယ်ကြစေ။
ဒို့ ရိုးရာ သင်္ကြန်ကျပြီကွ မဏ္ဍပ်တွေအပြိုင်လှနေ၊ လက်ထဲမှာရေဖလားတွေနဲ့ နှစ်သစ်ကို ကြိုဆိုဖို့လေ။
အတက်နေ့ရဲ့ နှုတ်ဆက်နေဝင်ချိန်ဟာ ဘာလို့မှန်းမသိ ဝမ်းနည်းရပါတယ်။
မြန်မာစာပေအစ ကျောက်စာကဟုဆိုရမည်ဖြစ်သည်။
ပုဂံခေတ်တွင်ပေါ်ပေါက်ခဲ့သည့် ကျောက်စာများတွင် မြစေတီကျောက်စာသည် ထင်ရှား၏။
ကျန်စစ်မင်း၏သားရာဇကုမာရ်မင်းသားက သက္ကရာဇ် ၄၇၄ ခုနှစ်တွင် ခမည်းတော် အသည်းအသန်မကျန်းမမာဖြစ်ချိန်၌ မြစေတီ ကျောက်စာတိုင်ကို စိုက်ထူလှူဒါန်းခဲ့၏။
ထို့ပြင် ရွှေဆင်းတုတစ်ဆူပြုလုပ်၍လည်း လှူဒါန်းခဲ့ပါ၏။ ယင်းနှင့်အတူ ကျေးကျွန်လယ်မြေများကိုလည်းလှူဒါန်းကြောင်း (စကားပြေ)ဖြင့်ရေးသားထားသည်ကိုတွေ့ရ၏။
ထို့ကြောင့် မြန်မာစာပေတွင် “ကျောက်စာစကားပြေ” သည် ရှေးအကျဆုံးဖြစ်သည်ဟု ယူဆဖွယ်ဖြစ်၏။
ထိုမျှမကသေး ကျောက်စာတိုင်တွင် မြန်မာဘာသာ၊ ပျူဘာသာ၊ မွန်ဘာသာ၊ ပါဠိဘာသာတို့ဖြင့် ရေးထိုးထားသောကြောင့် ထိုခေတ်က မြန်မာဘာသာအပြင် ပျူ၊ မွန်၊ ပါဠိဘာသာတို့သည်လည်း ပေါ်ထွန်းနေပြီဟုသိနိုင်ပါ၏။
မြစေတီကျောက်စာကို စာပေရှုထောင့်မှ ကြည့်လျှင် အရေးအသားမှာရှေးကျသည်ကိုတွေ့နိုင်၏။
ပင်းယကောင်းစားသည့် ခေတ်ဟု ခေါ်ဆိုနိုင်သောကာလတွင် မြန်မာစာပေသည် ဖွဲ့ပုံဖွဲ့နည်းကအစ တိုးတက်လာသည်။
ထိုခေတ်တွင် တျာဘွဲ့သီချင်း၊ ကာချင်း၊ ရတုအရေးအသားများကိုသာတွေ့ရ၏။
အင်းဝခေတ်တွင် စာဆိုတော်များ အများအပြားထွန်းကားပေါ်ထွန်းလာပြီး ဧချင်း၊ ရတု၊ မော်ကွန်း၊ တောလား၊ ပျို့၊ ဝတ္ထုတို့တိုးတက်လာသည်။
အကြောင်းမူကား ဘုရင်မင်းမြတ်ကိုယ်တိုင် မြန်မာမှုကိုအားပေးသည့်အပြင် စာဆိုပုဂ္ဂိုလ်တို့သည်လည်း တစ်ဦးနှင့်တစ်ဦးအပြိုင်ရေးသားပြုစု၍ ဉာဏ်ရည်ပြကြသောကြောင့် ဖြစ်ပါ၏။
ထို့ကြောင့် အင်းဝခေတ်တွင် ပထမတန်းစားစာကြီးပေကြီးများကို အမြောက်အမြား တွေ့ရှိရလေသည်။
တောင်ငူခေတ်တွင် ကျမ်းတတ်ပုဂ္ဂိုလ်များအတော်အတန်စုမိကြသည်။
နန်းတွင်းစာဆိုတို့မည်သည် မိမိတို့၏လင်္ကာရတုများဖြင့် နန်း၏ကျက်သရေကိုဆောင်ကြကုန်၏။
အလံမဲ့သောရထားသည် မတင့်တယ်သကဲ့သို့ စာဆိုမဲ့သောနန်းတော်ကြီးသည်လည်း အဆင်မပြေမတင့်တယ်ရှိချိမ့်မည့်အကြောင်းများကို တွေးခေါ်သိမြင်ဟန်တူသော မင်းကြီးညိုသည်
ဘုန်းတော်ရိပ်ကို ခိုလှုံလာကြသော စာဆိုများကို မြောက်စားခြင်းဖြစ်သောကြောင့် တောင်ငူခေတ်သည် စာဆိုလောကကြီးအတွင်း ထင်ရှားသောခေတ်တစ်ခေတ်ဟုဆိုနိုင်ပါ၏။
ညောင်ရမ်းခေတ်သည် စကားပြေထွန်းကားခေတ်စားသောခေတ်ဖြစ်၏။
ညောင်ရမ်းဆက်မင်းများ လက်ထက်တွင် မြန်မာရာဇဝင်ကျမ်းကြီးများ ပေါ်ပေါက်လာသည်။
စာဆိုဦးကုလားသည် မဟာရာဇဝင်ကြီးသာမက ရာဇဝင်လတ်နှင့်ရာဇဝင်ချုပ်များကိုပါ ရေးသားပြုစုခဲ့၏။
ထိုခေတ်ကပေါ်ထွန်းလာသော ဦးကုလား၏စကားပြေများကို အခြားသောစကားပြေ ဆရာကြီးများကပင် စံတင်ထားကြရ၏။
ညောင်ရမ်းခေတ်တွင် စာပေတည်းဟူသောမျိုးစေ့ကိုချ၍ ပြုစုပျိုးထောင်ခဲ့သော စာပေပင်မကြီးသည် ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီးလက်ထက်တွင် ဖွံ့ဖြိုးရင့်သန်
ကဗျာ၊ လင်္ကာတည်းဟူသောအသီးအပွင့်တို့ဖြင့် ‌‌ဝေဝေဆာဆာတင့်တယ်ခဲ့လေသည်။
ထိုခေတ်တွင်ပေါ်ထွန်းခဲ့ကြသော စာဆိုတော်ကြီးများသည် ပြည်သူများဗဟုသုတဖြစ်ဖွယ်၊ လိမ္မာရေးခြား ရှိဖွယ်စာပေများကို ရေးသားပြုစုခဲ့ကြသဖြင့် မြန်မာ လူမျိုးတို့၏ယဉ်ကျေးမှုသည် ထိုခေတ်မှစ၍ သိသိသာသာကြီးတိုးတက်လာလေသည်။
နှစ်ဆယ်ရာစုတွင် စကားပြေအရေးကောင်းသော စာရေးဆရာကြီးများအမြောက်အမြားပေါ်ထွန်းလာ ခဲ့၏။
ယင်းတို့အနက်မှ စကားပြေဆရာအချို့၏ အဆိုအမိန့်သဘောထား၊ အယူအဆ၊ အတွေးအမြင်တို့ကို စာရေးသူအပါအဝင် စာပေစင်မြင့်တွင်ကလောင်သွေးနေကြသော စာရေးသူများမှတ်သား ခံယူနိုင်စေရန်တင်ပြလိုပါ၏။
စကားပြေဆရာအများစုသည် ကိုယ်တိုင်စကားပြေ အရေးကောင်းသည့်အပြင် စကားပြေအရေးကောင်းအောင် မည်သို့ကြံဆောင်ရေးသားရမည်ကို နည်းပေးလမ်းပြပြုခဲ့ကြပါ၏။
ဦးစွာ ဆရာကြီးပီမိုးနင်း၏စကားပြေရေးသားခြင်းနှင့် စပ်လျဉ်း၍ ညွှန်ပြချက်ကိုဖော်ပြလိုပါ၏။
ဆရာကြီး ပီမိုးနင်းသည် ဝတ္ထုတို၊ ဝတ္ထုရှည်များ၊ လမ်းညွှန်ကျမ်းများကို တစိုက်မတ်မတ်ရေးသားခဲ့သော စကားပြေ ဆရာကြီးဖြစ်ပါ၏။
ဆရာကြီးသည် ခေတ်မီတိုးတက်ရုံမျှမက ခေတ်ရှေ့ပြေးနေသောအမြင်ရှိသူ၊ ရှင်းရှင်းပြတ်ပြတ်တွေးခေါ်စဉ်းစားတတ်သူဖြစ်သည်နှင့်အညီ
ဆရာကြီး၏စကားပြေအရေးအသားများသည် အသက်ဝင်၏။
သို့ဖြစ်၍ ဆရာကြီး၏ညွှန်ပြချက်ကို မျက်မှောက်ခေတ် စာရေးနေကြသူများမှတ်သားနိုင်စေရန် တင်ပြရခြင်းဖြစ်ပါ၏။
ဆရာကြီးက စာရေးခြင်းသည် စာကိုရေးသောအတတ်မဟုတ်၊ စိတ်ကိုရေးသောအတတ်ဖြစ်သည် ဟု မိန့်ဆိုကာ စိတ်ကူး ဉာဏ်၏အရေးပါမှုကို ဖော်ထုတ်ပြသည်။
မလိုအပ်ဘဲ သိုင်းဝိုင်းချဲ့ထွင်ရေးသော စာမျိုးကို အချီးတလံ၊ အသွားတစ်ထွာနှင့် လိုရာမရောက်သောအရေးအသားမျိုးဖြစ်ကြောင်း ထောက်ပြသည်။
အကိုးအကားများဖြင့်လေးပင်နေသောအရေးအသားမျိုးကို ရွှေလိုလေးသောစာကြီးမျိုးဟု တင်စားသည်။
“မီးရထားလမ်းသွယ်တန်းဖောက်လုပ်သည်”ဟု ဖောင်းဖောင်းပွပွရေးခြင်းထက် “မီးရထားလမ်းဖောက်သည်”ဟု စကားပိုမပါဘဲရေးခြင်းက လိုရင်းရောက်ကြောင်း ထောက်ပြသည်။
မှတ်သားနာယူစရာဖြစ်ပါ၏။ သတင်းစာဆရာ၊ စာရေးဆရာကြီးရွှေဥဒေါင်းသည်လည်း စကားပြေအရေးကောင်းသူဖြစ်၏။
ဆရာကြီး၏ ဝတ္ထုစကားပြေဖြစ်စေ၊ ကျမ်းစကားပြေဖြစ်စေ၊ သတင်းဆောင်းပါးဖြစ်စေ၊ ခေါင်းကြီးဖြစ်စေ ရှင်းလင်းပြေပြစ်သော၊ ခံ့ညားလေးနက်သောအရေးအသားကိုတစ်သားတည်းတွေ့မြင်နိုင်၏။
စာပေအရေးအသားတွင် မရှိမဖြစ်ဟု ဆရာကြီး ခံယူထားသော အင်္ဂါသုံးရပ်ရှိကြောင်းလည်းသိရ၏။
ရိုးရိုးကလေးရေးခြင်း၊ အဓိပ္ပာယ်ရှင်းရှင်းရေးခြင်း၊ ဖတ်၍ချောခြင်းဟူသောအင်္ဂါများဖြစ်၏။
၎င်းအင်္ဂါနှင့် မပြည့်စုံသောစာမျိုးကိုဖတ်ရသည့်အခါ သမံတလင်းပေါ်တွင် သဲဖြူးပြီး သတ္တုအိုးဖင်နှင့်ပွတ်သော အသံကဲ့သို့ ကျွန်ုပ်၏နားထဲ၌အခံရခက်လှသည်ဟု ဥပမာပေးထားပုံမှာ နှစ်သက်စရာပင်ဖြစ်ပါ၏။
ထို့ပြင် ဆရာကြီးက ဝါကျတည်ဆောက်သူကို “ဝါကျလက်သမား”ဟု တင်စားလိုက်ပုံကလည်း ထိမိ ပေါ်လွင်လှပါ၏။
ဆက်လက်၍ ဆရာကြီးက ခေါင်းကြီးတစ်ပုဒ်အတွင်း၊ သို့ဖြစ်လေရာ တစ်ခုထက်ပိုခဲ့လျှင် ကျွန်ုပ်၏ဝါကျလက်သမားကျောင်းမှ အောင်လက်မှတ်ရမည်မဟုတ်ချေဟု ဆိုထားပုံမှာလည်း အသက်ဝင်ပြီး သဘောကျစရာကောင်းလှပါ၏။
ဆရာကြီးဒေါက်တာမောင်ဖြူးသည် မြန်မာစာပေအရေးအသားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောဆရာကြီးတစ်ဦးဖြစ်၏။
ဆရာကြီး၏စာပေရေးသားခြင်းနှင့်စပ်လျဉ်းသည့် သဘောထားအမြင်ကိုလည်း လေ့လာစေချင်ပါ၏။
ဆရာကြီးက “မြန်မာတို့ရေးသောအင်္ဂလိပ်စာသည် အသင့်အတင့်အဓိပ္ပာယ်ရှင်းပါလျက်နှင့် မြန်မာတို့ရေးသောမြန်မာစာသည် အဓိပ္ပာယ်မရှင်းသည်မှာ အသည်းနာစရာကောင်းသည်။
မြန်မာစာတိုးတက်မှုကိုလည်း ဟန့်တားသည်။ မိမိပြောလိုသည်ကို လူတိုင်းပင် ရှင်းရှင်းပြော၊ ရှင်းရှင်းရေးနိုင်ဖို့ကောင်းသည်။ အရေးနှင့်အပြောရှင်းဖို့မှာ လူတိုင်း၏တာဝန်ဖြစ်သည်။
အရင်းခံမှာ အတွေးရှင်းခြင်းဖြစ်သည်။ မိမိပြောလို၊ ရေးလိုတာကို ရှင်းရှင်းတွေးပြီးမှပြောပါ၊ ရေးပါဟု ဆိုလိုသည်။
ထို့ကြောင့် စာကိုရှင်းအောင်ရေကြစို့ ဟု လမ်းညွှန်ထားလေသည်။ စာရေးရာတွင် စာရေးဆရာဘက်က အဆင့်ဆင့်ဖြစ်ပေါ်သောစိတ်ဖြစ်စဉ်ကို ဆရာဇော်ဂျီက ဤသို့ဖော်ပြထားသည်။
“စာရေးလိုသောအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ စာရေးသူတွင် မြင်မှု၊ ကြားမှု၊ ခံစားမှု၊ သိမှု စသော ကိုယ်နှုတ်နှလုံးအတွေ့အကြုံတို့သည် ရှိခဲ့ရမည်ဖြစ်သည်။
စာရေးသူ၏စိတ်တွင် မြင်မှု၊ ကြားမှုကိုမှီ၍ခံစားမှုသည်ပေါ်စမြဲဖြစ်သည်။ ခံစားမှုအရာ၌လည်း စာရေးသူ၏စေတနာအလိုက် ဆင်းရဲသောခံစားမှုသော်လည်းကောင်း၊ ချမ်းသာသောခံစားမှုသော်လည်းကောင်း ပေါ်ရမြဲဖြစ်သည်။
ထို့နောက် ခံစားမှုအသိ(ဝါ)ဘဝအသိပေါ်ရမြဲဖြစ်သည်။ ထိုစိတ်အစဉ်သည် စာရေးဆရာ၏ စာမရေးသေးခင်ရှိအပ်သော စိတ်အတွေ့အကြုံဖြစ်သည်။
စိတ်၏တစ်နေရာ၌ ခိုအောင်းနေတတ်သည်။ နောင်အခါ စေတနာက လှုံ့ဆော်ပေးသဖြင့် စာရေးချင်စိတ်ပေါ်လာသောအခါ ထိုခံစားမှုအသိသည် ပြန်ပေါ်လာသည်။
ထိုအခါကျမှသာ ကလောင်စွမ်းရည်သည် ထိုခံစားမှုအသိကို (ဝါ) မြင်မှု၊ ကြားမှု၊ ခံစားမှု၊ သိမှုတို့ကို နေရာတကျလှလှပပ စီစဉ်၍ စေတနာလွတ်ရာသို့ အရောက်ပို့ပေးလာနိုင်သည်။ ဤသို့ပင် ကျွန်တော်ယူဆသည်။
စာရေးသားရာတွင် စိတ်ပိုင်းဆိုင်ရာအရည်အသွေးများသည် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်နေကြောင်း ဆရာဇော်ဂျီ၏ဖော်ညွှန်းထားပုံမှာ မှတ်သားစရာပင်ဖြစ်ပါ၏။
ဆရာကြီးမောင်ထင်သည် စကားပြေရေးသားရာတွင် ပြောင်မြောက်သူဖြစ်သည်။ ဆရာ့အရေးအသားသည် ပေါ့ပါးသွက်လက်ပြီး ဖတ်ချင်စဖွယ်ကောင်းသောအရေးအသားဖြစ်သည်။
စကားပြေအရေးကောင်းသောဆရာသည် “စကားပြေအရေးအသားရှေ့ဆောင်လမ်းပြများ”၊ “စာရေးလိုသော်”၊ “စာရေးဆရာဖြစ်လိုသော်” ဆောင်းပါးများတွင် စာအရေးအသားနှင့်စပ်လျဉ်း၍ လမ်းညွှန်ဆွေးနွေးချက်များသည် မှတ်သားဖွယ်ဖြစ်သဖြင့် အမြည်းသဘောမျိုးဖော်ပြလိုပါ၏။
“စာအရေးကောင်းသည့်လက္ခဏာမှာ မိမိဆိုလိုရင်းကို သူတစ်ပါးဒက်ခနဲနားလည်အောင် ရေးနိုင်ခြင်းပင်ဖြစ်သည်။
ခက်ခဲနက်နဲသောအချက်အလက်များကိုပင်လျှင် သူတစ်ပါးရှင်းရှင်းလင်းလင်းသိလွယ်အောင် ရေးနိုင်လျှင် စာရေးကောင်းသည်ဟုဆိုရမည်ဖြစ်၏”ဟူ၍လည်းကောင်း၊
“ဝေါဟာရကိုအကြောင်းမသိဘဲ အရမ်းကာရောခိုင်းစေသည်ရှိသော် စေခိုင်းခြင်းခံရသူ ဝေါဟာရသည် စေခိုင်းသူကို ဖီဆန်လာမည်ဖြစ်သည်။
ထိုအခါမျိုး၌ မုန့်ပျားသလက်အကြောင်းရေးနေသော်လည်း မုန်လာဥဖြစ်ချင်ဖြစ်သွားနိုင်သည်” ဟူ၍လည်းကောင်း၊
“စင်စစ်သော်ကား တကယ်စာရေးကောင်းသောပုဂ္ဂိုလ်တို့သည် ကျွန်တော်တို့ ဆယ်လုံးရေးမှသာ အဓိပ္ပာယ်ရေးရေးထင်သောအရာကို စာတစ်လုံးတည်းနှင့် ထင်းခနဲအဓိပ္ပာယ်ပေါ်အောင် ရေးတတ်ကြသည်သာဖြစ်၏” ဟူ၍လည်းကောင်း ဖော်ညွှန်းထားပါ၏။
ဆရာကြီးတက်တိုးသည် ဂန္ထလောကခေတ်မှစ၍ စကားပြေများရေးသားခဲ့သော စကားပြေဆရာကြီးဖြစ်သည်။
အရေးအသားရှင်းလင်းတည်ငြိမ်ပြီး တွေးစရာ၊ ခေါ်စရာများပေးသည့်အတွက် ဆရာ့စကားပြေလက်ရာများကို စာဖတ်ပရိသတ်တို့တလေးတစားဖတ်ကြရ၏။
ကမ္ဘာ့စာပေကို မြန်မာစာပရိသတ်နှင့်အကျွမ်းတဝင်ဖြစ်အောင် မိတ်ဆက်ပေးသောဆရာ့ကျေးဇူးကားကြီးမားလှပါ၏။
စာရေးဆရာတို့၏စိတ်နေစိတ်ထားနှင့် သဘောသဘာဝကို ဆရာကြီးတက်တိုးက - “စာရေးဆရာစိတ်ရှိသူအဖို့ စာရေးခြင်းသည်သာလျှင် ပဓာနဖြစ်သည်။
သူရေးသောစာကိုလူမကြိုက်လျှင်လည်း စိတ်မပျက်။ သူ့စာများက သူ့အဖို့ ငွေကြေးယူမလာလျှင်လည်း စိတ်မပျက်။
သူ့အဖို့ ရေးစရာမကုန်နိုင်။ သူ့လက်ကမရေးနိုင်လျှင် သူ့စိတ်က စိတ်ကူးဖြင့် စာတွေစီနေပေလိမ့်မည်။
အချို့စာရေး ဆရာတို့သည် သေမည်ကိုသိ၍ မိမိရေးနေသောစာကို မသေခင်ကလေး အပြီးသတ်ရေးသွားကြသည်။
ယင်းသို့ရေးရာ၌ ထိုစာမှပေါ်ထွက်လာသော အကျိုးကျေးဇူးကို သူခံစားရမည်မဟုတ်ဟုသိသော်လည်း စာရေးဆရာစိတ်ကတိုက်တွန်းသောကြောင့် စာရေးခြင်းဖြစ်ပေသည်”ဟု “စာရေးဆရာစိတ်”ဆောင်းပါးတွင် ဖော်ပြထားလေသည်။
End of preview. Expand in Data Studio
README.md exists but content is empty.
Downloads last month
15